~~တောင်းပန်ပါတယ်တဲ့… ကိုယ်တိုင် နာကျင်ရတာမှမဟုတ်တာ လွယ်လွယ်ပြောထွက် ရက်မှာပေါ့။ ~~~လောကမှာ လူတစ်ချို့က ကိုယ့်အတ္တပဲ ကိုယ်ကြည့်ပြီး သူများဘဝတွေကို စာနာပေးဖို့ ဝန်လေးတတ်ကြတယ်။ ~~~ကိုယ့်အတ္တ သာကိုယ်ကြည့်ပြီး သူများခံစားချက်ကို နားလည်ပေးဖို့ တွန့်ဆုတ်နေတတ်ကြတယ်။ ~~~တစ်ကယ်တော့ ငါသာဆိုရင် သူ့နေရာမှာ ဆိုတဲ့ ခံစားချက်လေးနဲ့ မျှမကြည့်ပေးတတ်ကြလို့ပါ ။ ~~~သင့်တန်ဖိုးကို မသိတဲ့သူရဲ့ဘေးမှာနေသရွေ့ ဘယ်တော့မှ သင့်တန်ဖိုးဆိုတာရှိလာမှာမဟုတ်ဘူး။ ~~~ဒါကြောင့် ကိုယ့်ရဲ့ဘဝမှာ ကိုယ့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေမယ့် လူတွေနဲ့ အဝေးဆုံးမှာ နေတတ်ခြင်းက ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိစေမှာပါ။ လေးစားစွာဖြင့် 🍁🍁🍁 မေဆု(ရာမညမြေ ) MayHsuyarmanyamyae မေဆုရာမညမြေအတွေးစာစုလေးများ

စကောကရင်နှင့်ပကညောစာပေ သင်တန်းကာလ ပုံရိပ်ဟောင်းများ